My Numberကတ်သည် IC chip ပါဝင်သည့် သင်ရဲ့ကိုယ်ပိုင်နံပါတ်ကို ဖြစ်ပြီး ဂျပန်၌ အဆင်ပြေစွာ နေထိုင်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် ကတ်တစ်ခုဖြစ်သည်။ လျှောက်လွှာတင်ခြင်းအားဖြင့် My Numberကတ် ကို ရရှိနိုင်မည်။ (စမတ်ဖုန်း၊ ကွန်ပျူတာ၊ အထောက်အထားပြုသုံး ဓာတ်ပုံကို ရိုက်ကူးသည့်စက် (သို့) စာတိုက်မှတစ်ဆင့် လျှောက်ထားနိုင်သည်။)
My Numberကတ် ကို ပထမအကြိမ် လျှောက်ထားရာတွင် အခကြေးငွေ ပေးဆောင်စရာ မလိုပါ။
My Numberကတ် ရှိသူများက MyNaPoints လက်ခံရရှိနိုင်လို့ စျေးဝယ်ရာတွင် ငွေသားဖြင့် ပေးချေစရာမလိုဘဲ အဲဒီပွိုင့်တွေကို အသုံးပြုနိုင်ပါသည်။
၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ဂျပန်အစိုးရသည် MyNaPoints အများအပြားကို ထုတ်ပေးနိုင်မည့် ပရောဂျက်တစ်ခုကို စတင်ခဲ့ပါသည်။
သင့်တွင် My Numberကတ် မရှိသေးပါက အသစ်တစ်ခုပြုလုပ်ပြီး ယန်း ၂၀,၀၀၀ တန်ကြေးရှိသော MyNaPoints ကို ရယူလိုက်ပါ။ထပ်ဆင့် အချက်အလက်များအတွက် အောက်ပါ ဝက်ဘ်ဆိုက်တွင် ဖတ်ရှုပါ။
MyNaPoints လျှောက်ထားနည်းကို အောက်ဖော်ပြပါ အချက် ၃ ချက်ဖြင့် ရှင်းပြထားသည်။
၁ My Numberကတ် လျှောက်လွှာတင်ခြင်း
My Numberကတ် လျှောက်လွှာတင်နည်းနှင့် လက်ခံရယူနည်းအတွက် အောက်ပါ ဝက်ဘ်ဆိုက်တွင် ဖတ်ရှုပါ။လျှောက်လွှာတင်ရန်နည်းလမ်း (My Numberကတ် အတွက် အပြည့်အစုံ ဝက်ဘ်ဆိုက်)→လက်ခံရယူရန်နည်းလမ်း (My Numberကတ် အတွက် အပြည့်အစုံ ဝက်ဘ်ဆိုက်)
(日本語、English、中文・简化字、中文・繁体字、한국어、Español、Português)၂ MyNaPoints အတွက် လျှောက်ထားခြင်း
လျှောက်ထားနည်းအတွက် ကျေးဇူးပြု၍ ဤနေရာတွင် နှိပ်ပါ (ဂျပန်ဘာသာဖြင့်သာ)။
၃ MyNaPoints လက်ခံရရှိမည့် ငွေသားမဲ့ ပေးချေဝန်ဆောင်မှုကို ရွေးချယ်ပါ။
ထပ်ဆင့် အချက်အလက်အတွက် ကျေးဇူးပြု၍ ဤနေရာတွင် နှိပ်ပါ (ဂျပန်ဘာသာဖြင့်သာ)။
သင့်တွင် My Numberကတ် ရှိပြီး MyNaPoints များကို တစ်ခါမှ မရရှိခဲ့ပါက အထက်ပါ နံပါတ် ၂ နှင့် နံပါတ် ၃ ပါအချက် ကို ပြုလုပ်ပါ။
○My Numberကတ် ပတ်သက်၍ အခမဲ့ခေါ်ဆိုနိုင်တဲ့ ဖုန်းနံပါတ် (ဂျပန်ဘာသာဖြင့်သာ) | ||
---|---|---|
ဖုန်း | ၀၁၂၀-၉၅-၀၁၇၈ | |
ရုံးချိန်- |
|
မနက် ၉ ခွဲ – ည ၈ နာရီ |
|
မနက် ၉ ခွဲ – ညနေ ၅ ခွဲ (My Numberကတ်၊ MyNaPoint နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းမှုများ အတွက် မနက် ၉ ခွဲ – ည ၈ နာရီ) |
(၁) My Numberကတ် အတွက် စုံစမ်းမေးမြန်းခြင်း | ||
---|---|---|
ဖုန်း | ၀၁၂၀-၀၁၇၈-၂၇ (၀၅၇၀-၀၆၄-၇၃၈) | |
ရုံးချိန်・ရနိုင်တဲ့ ဘာသာစကားများ |
|
မနက် ၉ ခွဲ – ည ၈ နာရီ |
|
မနက် ၉ – ည ၆ နာရီ | |
|
မနက် ၁၀ – ည ၇ နာရီ |
(၂) Mynaportal အတွက် စုံစမ်းမေးမြန်းခြင်း (လုပ်ထုံးလုပ်နည်းအမျိုးမျိုးကို လွယ်ကူချောမွေ့စေရန် အွန်လိုင်းနည်းစနစ်တစ်ခု) | ||
---|---|---|
ဖုန်း | ၀၁၂၀-၀၁၇၈-၂၆ | |
ရနိုင်တဲ့ ဘာသာစကားများ |
|
|
ရုံးချိန်- |
|
မနက် ၉ – ည ၈ နာရီ |
|
မနက် ၉ – ညနေ ၅ ခွဲ |
(၃)MyNaPoint အတွက် စုံစမ်းမေးမြန်းခြင်း | ||
---|---|---|
ဖုန်း | ၀၅၇၀-၀၂၈-၁၂၅ | |
ရနိုင်တဲ့ ဘာသာစကားများ |
|
|
ရုံးချိန်- | မနက် ၉ ခွဲ – ည ၈ နာရီ |